"Memo" Solo Art Exhibition by Artist Aein Mek Cheimt Cheimt
Manage episode 374071128 series 3287919
ဒီကနေ့မှာတော့ MCA Sisters' Network က ညီမငယ်တစ်ဦးဖြစ်တဲ့ Artist အိပ်မက်ချိမ့်ချိမ့်ရဲ့ ဒုတိယအကြိမ်မြောက် "Memo" တစ်ကိုယ်တော် ပန်းချီပြပွဲ အကြောင်းကို ပင်တိုင်တင်ဆက်သူ မနွေးက ခံစားမိတ်ဆက်ပေးထားပါတယ်။ ပန်းချီဆရာမလေး အိပ်မက်ချိမ့်ချိမ့်ဟာ ကဗျာဆရာကြီး ဦးအောင်ချိမ့်ရဲ့ အငယ်ဆုံး သမီးလေးဖြစ်ပြီး အခုပန်းချီပြပွဲဟာ ဖခင်ဖြစ်သူ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်တာဖြစ်တဲ့အတွက် အနုပညာချစ်သူ မည်သူမဆို သွားရောက်အားပေးဖို့ ညီမလေးကိုယ်စား ဖိတ်ကြားပေးပါတယ်။
Artist အိပ်မက်ချိမ့်ချိမ့်ရဲ့ ဒုတိယအကြိမ် ပန်းချီပြပွဲလေးကို တော်ဝင်စင်တာ Level 3 အခန်းနံပါတ် 4019 မှာရှိတဲ့ Art Corner Gallery ပြခန်းမှာ သြဂုတ်လ ၉ ရက်ကနေ ၁၃ ရက်အတွင်း နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ ပြသပေးမှာဖြစ်ပါတယ်။ ယခင် ပထမအကြိမ် ဖခင်ဖြစ်သူ မွေးနေ့အမှတ်တရအဖြစ် ကျင်းပပြုလုပ်ခဲ့တဲ့ "Dream" တစ်ကိုယ်တော် ပန်းချီပြပွဲ အကြောင်းကိုလည်း ဒီနေရာမှာ ရှုစားနိုင်ပါတယ်။
https://www.facebook.com/myanmaplatformvideo/videos/204827365656198
{{{ကြော်ငြာကဏ္ဍ}}}
အခုလို မိမိတို့စိတ်ကြိုက် အကြောင်းအရာစုံကို ပါဝင်တင်ဆက်ချင်ကြတဲ့ မည်သူမဆို ၃ မိနစ်ထက်မများ၊ ၇ မိနစ်ထက်မနည်းတဲ့ ဆူညံသံကင်းမဲ့ အသံဖိုင်များကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး နည်းပြများဖြစ်တဲ့ ကိုပြည့် နဲ့ မနွေးထံ ပေးပို့ဆက်သွယ် နိုင်ပါတယ်။ အသေးစိတ် သိရှိလိုပါက Mini-Podcast မိတ်ဆက်အစီအစဉ်ကို နားထောင်ကြည့်ဖို့ ညွှန်းဆိုချင်ပါတယ်။
ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" Mini-Podcast Program”
https://www.tiktok.com/@mcanetwork
https://app.redcircle.com/.../2191f685-b2e2-477c-b7d4.../
https://www.youtube.com/@mcanetwork
https://myanmarcinemabilitynetwork.wordpress.com/
https://twitter.com/MCinemAbilityN
https://www.linkedin.com/company/mcanetwork/
https://www.instagram.com/myanmarcinemabilitynetwork/
https://www.clubhouse.com/club/myanmar-cinemability-network
09261256493 (Ko Pyae), 09450067352 (Ma Nwaye)
188 episodes